နိုင်ငံရပ်ခြား၌ ပထမဆုံးသောခြေလှမ်း နောင်မွန်မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ နေထိုင်မှုကျင့်ဝတ်၆ပါးအား ပညာပေးဖြန့်ဝေ
2022-01-25
ထိုင်ဝမ်လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ အဓိပတိဆရာတော်ဘဒ္ဒန္တကုသလ(အရှင်စင်တောက်)သည် ဝိညာဏဂေဟဗေဒစနစ်နှင့် ပတ်သက်သည့်အတွေးအခေါ်အားပြန့်ပွားစေရန် စဉ်ဆက်မပြတ်ကြိုးပမ်းလျက်ရှိရာ ကမ္ဘာတစ်ဝှမ်းရှိ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ အဖွဲ့ဝင်များသည်လည်း ကမ္ဘာမြေကြီး၏ အနာဂတ်အတွက် စိတ်ညီလက်ညီကြိုးစားအားထုတ်နေကြပါသည်။ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် ၁။ မြင့်မြတ်သောစိတ် ၂။မေတ္တာ ၃။ ကောင်းသောအကျင့်တရား ၄။ပေးဆပ်ခြင်း ၅။သမ္မာဒိဋ္ဌိ ၆။ ဒါန သီလ ဘာဝနာ စသည့် လူသားအားအခြေပြု၍ လူ့စိတ်အားအဓိကထားခြင်းဖြင့် မေတ္တာနှင့် ကမ္ပဋ္ဌာန်းတရားအား လက်တွေ့အကောင်အထည်ဖော်ဆောင်သည့် နေထိုင်မှုကျင့်ဝတ် (၆) ပါးအား အားသွန်ခွန်စိုက် ဖြန့်ဝေလျက်ရှိပါသည်။ ၎င်းနေထိုင်မှုကျင့်ဝတ် (၆) ပါးသည် ဝိညာဏဂေဟဗေဒစနစ်နှင့် ပတ်သက်သည့်အတွေးအခေါ်အား ဖြန့်ဝေသည့် အခြေခံလည်းဖြစ်သည်။ မြန်မာနိုင်ငံလားရှိုးမြို့ နောင်မွန်ကျေးရွာရှိ မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ထူးချွန်သည့် ရဟန်းသာမဏေများ မွေးထုတ်ပေးသော ကျောင်းတော်ကြီးတစ်ကျောင်းဖြစ်လာရန်အတွက် ယခုကာလတွင်လည်း ကပ်ရောဂါစသည့် အခက်အခဲအမျိုးမျိုးကိုကျော်ဖြတ်ကာ အွန်လိုင်းမှတစ်ဆင့် ကျောင်းတော်ရှိ စာချသံဃာများနှင့် ဆရာဆရာမများအား နေထိုင်မှုကျင့်ဝတ် (၆) ပါးနှင့်ပတ်သက်သည့် အသိပညာပေးသင်တန်းများကို ကျင်းပနိုင်ခဲ့သည်။ ထို့အပြင် ၎င်းနေထိုင်မှုကျင့်ဝတ် (၆) ပါးအား သာမဏေလေးများ၏ ရေရှည်ပညာရေးတွင်လည်း ထည့်သွင်း သင်ကြားပေးနိုင်ရန် စီစဉ်လျက်ရှိပါသည်။
ဗုဒ္ဓတရားတော်နှင့်ကိုက်ညီသော နေထိုင်မှုကျင့်ဝတ်၆ပါး
နောင်မွန်မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှတာဝန်ခံ ဆရာလေးဟိန်မင်က နေထိုင်မှုကျင့်ဝတ် (၆) ပါးအား လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့တွင် လှုံ့ဆော်နေသည်မှာ နှစ်ပေါင်းများစွာရှိပြီဟု မိန့်ကြားလေသည်။ ကမ္ဘာတစ်ဝန်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိဉာဏ်များ နှိုးကြားလာသည်နှင့်အမျှ ဝိညာဏဂေဟဗေဒစနစ်ကြီးသည်လည်း လူအများ၏ လက်ခံမှုနှင့် သဘောတူညီမှုတို့ကို တစ်နေ့ထက်တစ်နေ့ ပို၍ ရရှိလာခဲ့သည်။ နေထိုင်မှုကျင့်ဝတ် (၆) ပါးသည် ဝိညာဏဂေဟဗေဒစနစ်၏ အခြေခံဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရာတွင် အခက်အခဲများရှိနေသော်လည်း သာမဏေလေးများ၏ ပညာရေးအား ဆုံးရှုံးမှုမရှိစေရန် မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စိတ်အားထက်သန်သည့် ပညာရေးအကြံပေးပုဂ္ဂိုလ်များနှင့် ဆရာဆရာမများ၏ ကူညီပံ့ပိုးမှုဖြင့် ကျောင်းရှိ စာချသံဃာများနှင့် ဆရာဆရာမတို့အား ရည်စူးကျင်းပသော ပညာပေးသင်တန်းအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ၎င်းသင်တန်းတွင် သင်တန်းသားများအား အုပ်စုခွဲဝေ၍ အပြန်အလှန်ဆွေးနွေးစေသည့် ပွင့်လင်းမြင်သာသည့် ပညာသင်စနစ်ဖြင့် နေထိုင်မှုကျင့်ဝတ် (၆) ပါးနှင့် ပတ်သက်သည်များကို သင်ကြားပို့ချပေးခဲ့ကြသည်။ ဤသင်တန်းအား တက်ရောက်ခြင်းအားဖြင့် မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ စာချသံဃာများနှင့် ဆရာဆရာမတို့အား နေထိုင်မှုကျင့်ဝတ် (၆) ပါး၏ အနှစ်သာရအား ကောင်းမွန်စွာ သိရှိနားလည်ပြီး သာမဏေလေးများအား နေထိုင်မှုကျင့်ဝတ် (၆) ပါးကို သဘောပေါက်ခံယူ၍ လိုက်နာနေထိုင်နိုင်ရန် သွန်သင်ဆုံးမစေလိုပါသည်။
နေထိုင်မှုကျင့်ဝတ် (၆) ပါးသည် ဗုဒ္ဓတရားတော်နှင့် ကိုက်ညီသည်ဟု ဆရာလေးဟိန်မင်က မိန့်ဆိုလေသည်။ သာဓကအားဖြင့် ၁။ မြင့်မြတ်သောစိတ်ဆိုသည်မှာ နိဗ္ဗာန်အကျိုးမျှော်၍ ကောင်းမှုပြုလိုသောစိတ်ကို ဆိုလိုသည်ဖြစ်ရာ ထေရဝါဒဗုဒ္ဓဘာသာတို့ တရားအားထုတ်ကျင့်ကြံသည့် နောက်ဆုံးပန်းတိုင်လည်းဖြစ်လေသည်။ ၂။ မေတ္တာ ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအားချစ်မြတ်နိုးခြင်းဆိုသည်မှာ သတ္တဝါအားလုံးအား တန်းတူညီမျှထား၍ အလုံးစုံသော သောကဝေဒနာတို့အား ထပ်တူမျှဝေခံစားပေးသည့် ဗုဒ္ဓတရားတော်အား ထင်ဟပ်ထားခြင်းပင်ဖြစ်သည်။ အခြားနေထိုင်မှုကျင့်ဝတ်များဖြစ်သော ၃။ ကောင်းသောအကျင့်တရား ၄။ပေးဆပ်ခြင်း ၅။သမ္မာဒိဋ္ဌိ ၆။ ဒါန သီလ ဘာဝနာ စသည်တို့မှာလည်း ဗုဒ္ဓဘာသာဝင်များ နေ့စဉ် လူနေမှုဘဝတွင် နာခံရမည့် ကျင့်ဝတ်များဖြစ်သည်။ ဆရာတော် ဘဒ္ဒန္တကုသလ(အရှင်စင်တောက်)သည် သာမဏေလေးတို့၏ ပညာရေးလုပ်ငန်းအား အကောင်ထည်ဖော်ရာတွင် သူတော်ကောင်းစိတ်ဓာတ်နှင့်
လောကာဒုကမ္ပာယစိတ်တို့အား ရယူစေလိုရန် မျှော်မှန်းထားသည့်အလျှောက် မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည်လည်း ဆရာတော်ဘုရားကြီး၏ သြဝါဒအတိုင်း ကျောင်းစည်းကမ်းများ၊ ကျောင်းသားကျင့်ဝတ်များ ရေးဆွဲချမှတ်၍ သာမဏေလေးများအား နေ့စဉ်လူနေမှုဘဝတွင် နေထိုင်မှုကျင့်ဝတ် (၆) ပါးအတိုင်း လိုက်နာကျင့်သုံးစေမည်ဖြစ်သည်။
ယခုအခါတွင် နောင်မွန်မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် နေထိုင်မှုကျင့်ဝတ် (၆) ပါးအား နည်းလမ်းအမျိုးမျိုးဖြင့် နေ့စဉ်ဘဝတွင် ကျင့်သုံးနေပြီဖြစ်သည်။ သာဓကအားဖြင့် ကျောင်းတွင် နေ့စဉ် တရားထိုင်ချိန်သတ်မှတ်၍ သာမဏေလေးများအား နိဗ္ဗာန်ရှုမျှော်သည့် မြင့်မြတ်သည့်စိတ်ကိုကျင့်ကြံစေကာ တရားရှုမှတ်ခြင်းဖြင့် စစ်မှန်သော တည်ငြိမ်မှုကိုလည်း သိရှိနားလည်စေသည်။ တရုတ်စာသင်ယူချိန်တွင် ဆရာဆရာမများကလည်း သာမဏေလေးများအား ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသည့်စိတ်များ ခံယူလာနိုင်ရန် သင်ကြားပို့ချပေးသည်။ သာမဏေလေးများ ကြီးပြင်းလာသည်နှင့်အမျှ ၎င်းတို့၏သင်ရိုးထဲတွင် “ယခုအခါ၌ ကမ္ဘာမြေကြီးသည် မည်ကဲ့သို့သောအန္တရာယ်ကို ရင်ဆိုင်နေရသနည်း။” “ ကျွန်ုပ်တို့ ဘာများလုပ်ဆောင်နိုင်သနည်း။” စသည့်မေးခွန်းများအား ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်သည်။ ထို့အပြင် ကျောင်းတွင် သာမဏေလေးများအား ဆပ်ပြာခဲများ ကိုယ်တိုင်ပြုလုပ်ခြင်းဖြင့် ကမ္ဘာမြေကြီးရှိ သယံဇာတများကို ပြန်လည်အသုံးချစေသည်။ နောင်မွန်မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အမှိုက်များကို အမျိုးအစားအလိုက် ခွဲခြား၍စွန့်ပစ်သည့်စနစ်အား ကျင့်သုံးစေကာ လိုက်နာဆောင်ရွက်မှုကောင်းသည့် အတန်းများအား ဆုချဂုဏ်ပြု၍ လိုက်နာဆောင်ရွက်မှုမကောင်းသည့် အတန်းများကိုမူ အသိပညာပေးလုပ်ငန်းများ ထပ်မံပြုလုပ်ပေးသည်။
ဝိညာဏဂေဟစနစ်အတွေးအခေါ်အား သဘောတူခံယူသော်လည်း နည်းစနစ်သစ်ဖြင့် သင်ကြားပို့ချရေးတွင်မှု စိန်ခေါ်မှုများစွာကျန်ရှိ
မြန်မာနိုင်ငံတွင် ရှိရင်းစွဲ လူနေမှုဘဝယဉ်ကျေးမှုများရှိသည့်အလျှောက် နေထိုင်မှုကျင့်ဝတ် (၆) ပါးနှင့် ဆရာတော်ဘဒ္ဒန္တကုသလ၏ အတွေးအခေါ်အား ဖြန့်ဝေရာတွင် မတူညီသည့် ယဉ်ကျေးမှုအကြား အချင်းချင်း နားလည်မှုများရယူရသည့် အချိန်ကာလများကိုလည်း ဖြတ်သန်းခဲ့ရဖူးသည်။ သို့ရာတွင် ဟိန်မင်ဆရာလေးသည် ဇွဲလုံ့လအပြည့်ဖြင့် သူတော်ကောင်းများ၏ ကူညီပံ့ပိုးမှုများနှင့် အခက်အခဲအမျိုးမျိုးကိုကျော်ဖြတ်ကာ မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နေထိုင်မှုကျင့်ဝတ် (၆) ပါးအား အောင်မြင်စွာဖြန့်ဝေနိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများစွာ စုဝေးနေထိုင်သည့်နိုင်ငံတစ်ခုဖြစ်သည်။ နောင်မွန်ကျေးရွာအနီးတစ်ဝှိက်တွင် ဗုဒ္ဓဘာသာအပြင် အခြားကိုးကွယ်ယုံကြည်မှုများလည်း ရှိကြောင်း ဆရာလေးဟိန်မင်က ရှင်းပြသည်။ နတ်ဝိညာဉ်တို့အား ယုံကြည်ကိုးကွယ်၍ အလုံးစုံသော သတ္တဝါတို့အား တန်းတူညီမျှသဘောထားသည့် အယူအဆများကို ရှေးအရင်အချိန်မှစ၍ မြန်မာလူမျိုးများလည်း လက်ခံထားရှိပြီးဖြစ်သည်။ ဤသို့သော အယူအဆများမှာ တိုင်းရင်းသားလူမျိုးစုများ၏ ကိုးကွယ်ယုံကြည်မှုများတွင် တွေ့မြင်ရစမြဲဖြစ်သည်။ သာဓကအားဖြင့် အမေရိကန်မှ အင်ဒီးယန်းလူမျိုးများ၊ ထိုင်ဝမ်မှ တိုင်းရင်းသားများတို့သည်လည်း နတ်ဝိညာဉ်အား ကိုးကွယ်ယုံကြည်ကြသည်။ ဆရာတော်ဘဒ္ဒန္တကုသလ(အရှင်စင်တောက်)ဆော်သြသည့် ဝိညာဏဂေဟဗေဒစနစ်သည် သတ္တဝါအပေါင်းအား အခြေပြုခြင်းဖြစ်ပြီး လူသားအား အခြေပြုထားခြင်းမဟုတ်ပါချေ။ ထိုသို့ ဂေဟဗေဒစနစ်အား အလေးပေးသည့်အယူဝါဒသည် မြန်မာနိုင်ငံ၏ ရှိရင်းစွဲ ယဉ်ကျေးမှုအတွေးအခေါ်များနှင့် တစ်ထပ်တည်းဖြစ်လေရာ အားစိုက်၍ ရှင်းပြစရာ မလိုအပ်ပါ။ မြန်မာနိုင်ငံ၌ နေထိုင်မှုကျင့်ဝတ် (၆) ပါးအား ဖြန့်ဝေရာတွင် စိန်ခေါ်မှုရှိသည်မှာ ပညာသင်ကြားမှုစနစ်ပြောင်းလဲခြင်းဖြစ်သည်။ ယခုအကြိမ်ကျင်းပသော အွန်လိုင်းပညာပေးသင်တန်းဖြင့် မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ စာချသံဃာများနှင့် ဆရာဆရာမများသည် ပွင့်လင်းမြင်သာသော၊ အပြန်အလှန်ပြောဆိုဆွေးနွေးရသော သင်ကြားရေးစနစ်ကို ထိတွေ့ခဲ့ရပြီး စိတ်ဝင်စားစွာ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ယခုသင်တန်းတွင် ပညာရေးအကြံပေးပုဂ္ဂိုလ် ဆရာလျှိုထန်ကျိက အုပ်စုဖွဲ့ဆွေးနွေးခြင်းစနစ်ဖြင့် သင်တန်းတက်ရောက်သူတို့အား ပွင့်လင်းမြင်သာသည့် သင်ကြားရေးစနစ်အား ကိုယ်တိုင်ထိတွေ့စေခဲ့သည်။ သင်တန်းချိန်တွင် ဆရာလေးဟိန်မင်က နေထိုင်မှုကျင့်ဝတ် (၆) ပါး၏ အနက်အဓိပ္ပာယ်အား ရှင်းပြပြီးနောက် ဆရာလျှိုထန်ကျိက သင်တန်းသားတို့အား မျက်စိမိတ်၍ အောက်ပါမေးခွန်းများအား မိမိကိုယ်ကိုမေးမြန်း၍ အဖြေရှာစေသည်။ “နေထိုင်မှုကျင့်ဝတ် (၆) ပါးတွင် မိမိသည် မည်မျှလုပ်ဆောင်နိုင်သနည်း။ အကယ်၍ ၁မှတ်မှ ၁၀မှတ်အထိ သတ်မှတ်ပေးထားပါက သင့်ကိုသင် အမှတ်မည်မျှပေးမည်နည်း။ အဘယ်ကြောင့် ဤသို့ အမှတ်ပေးသနည်း။ ကျန်ရှိသည့်အမှတ်သည် မည်သည်ကို ဆိုလိုသနည်း။ သင်သည် မည်သည့်ဘက်မှဆက်လက်ကြိုးစားနိုင်သေးသနည်း။” ဤသို့ပြုခြင်းအားဖြင့် သင်တန်းသားတို့အား တစ်ဘက်သက်မှ ပို့ချမှုကို ခံယူရုံမဟုတ်ဘဲ မိမိ၏ အတွင်းစိတ်နှင့်လည်း အပြန်အလှန်စကားပြော၍ မိမိသည် ဤကျင့်ဝတ်များအား မလုပ်နိုင်၍လော၊ သို့မဟုတ် မလုပ်ချင်၍လောဟု ကိုယ့်ကိုယ်ကို စမ်းစစ်စေပြီး ၎င်းတို့အား ကျင့်ဝတ်များကို လက်တွေ့ကျကျ လက်ခံဆောင်ရွက်နိုင်ရန် တွန်းအားများ ပေးနိုင်ခဲ့ပါသည်။
နေထိုင်မှုကျင့်ဝတ် (၆) ပါး အသိပညာပေးသင်တန်းသည် သင်တန်းတက်ရောက်သူတို့၏ ထောက်ခံမှုကို တစ်ခဲနက်ရရှိခဲ့သလို သင်တန်းသားများ၏ အပြန်အလှန်ဆွေးနွေးမှုများသည်လည်း မြန်မာယဉ်ကျေးမှု၏ စိတ်ဝင်စားစရာကောင်းသည့် အချက်အလက်များကို ပေါ်လွင်စေခဲ့သည်။ နိဗ္ဗာန်ကိုလိုလားခြင်းသည် မြန်မာလူမျိုးများ အလွန်အလေးထားသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်လေရာ သင်တန်းတွင် ဆရာက သင်တန်းသားတို့အား နေထိုင်မှုကျင့်ဝတ် (၆) ပါးစလုံးအား ဆွေးနွေးစေသော်လည်း သင်တန်းသားများက နိဗ္ဗာန်နှင့် သက်ဆိုင်သည့် ပထမကျင့်ဝတ်“မြင့်မြတ်သောစိတ်”ကိုသာ အားတက်တရော ဆွေးနွေးနေခဲ့ကြသည်။ ဤသို့သော ကွာခြားသည့် ယဉ်ကျေးမှုကို တွေ့မြင်ရသောအခါ နောက်နောင်သင်တန်းများ စီစဉ်ချိန်တွင် မည်သို့စီစဉ်သင့်သည်ကို ပို၍ စဉ်းစားစေသည်ဟု ဆရာလေးဟိန်မင်က မိန့်ကြားလေသည်။
နောက်ဆုံးကဏ္ဍတွင် ဆရာလေးဟိန်မင်က ပညာရေးဆိုသည်မှာ နှစ်ရှည်လရှည်ကြိုးပမ်းဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး နေ့ချင်းညချင်း အောင်မြင်မှုမရရှိနိုင်ကြောင်း မိန့်ဆိုလေသည်။ မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ သာမဏေလေးတို့အား ဆရာတော်ဘဒ္ဒန္တကုသလ၏ သြဝါဒများကို အပြည့်အဝခံယူစေလိုပါက ခြေလှမ်းတစ်လှမ်းချင်းစီ ကြိုးပမ်းသွားရမည်ဖြစ်သည်။ မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ရဟန်းရှင်များနှင့် ဆရာဆရာမများသည် သာမဏေလေးများနှင့် ထိတွေ့မှုအများဆုံးသောသူများဖြစ်သည့်အလျှောက် ကိုဗစ်ကပ်ရောဂါကြီး ပြန့်ပွားနေသည့် ယခုအချိန်တွင် ၎င်းတို့၏ နေရာကဏ္ဍမှာ ပို၍ပါလာသည်။ နောက်နောင်အခါတွင် မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဤကဲ့သို့သော ပညာပေးသင်တန်းများ ဆက်လက်ကျင်းပ၍ ကျောင်းရှိ စာချသံဃာများနှင့် ဆရာဆရာမများအား နေထိုင်မှုကျင့်ဝတ် (၆) ပါးကို ၎င်းတို့၏ ရင်တွင်စွဲမြဲအောင် သင်ကြားပေးကာ သာမဏေလေးများအား လက်တွေ့လိုက်နာဆောင်ရွက်စေပြီး မှန်ကန်သော တန်ဖိုးထားရှိမှုကို ချမှတ်စေမည်ဖြစ်သည်။ လူသားတို့သည် မှန်ကန်သည့် တန်ဖိုးထားရှိမှုအား ချမှတ်နိုင်ပြီးလျှင် ၎င်းတို့၏ ရင်တွင် စည်းတစ်ခုထားရှိနိုင်ကာ လုပ်ငန်းများ လုပ်ဆောင်ရာတွင် မိမိကိုမိမိ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ဤသည်မှာ ပညာရေး၏ အနှစ်သာရတည်း။
လင်ဂျူးတော်ဗုဒ္ဓသာသနာပြုအဖွဲ့သည် လောကာဒုကမ္ပာယ၏ ကောင်းမြတ်သောပျိုးပင်လေးများအား စုစည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သလို နောင်မွန်ကျေးရွာမှာ မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ သာမဏေလေးများသည်လည်း လင်ဂျူးတော်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ကမ္ဘာတစ်ဝန်းသို့ ဗုဒ္ဓတရားတော်များနှင့် ဝိညာဏဂေဟဗေဒဆိုင်ရာအယူအဆများ ပြန့်ပွားပေးမည့် ရှေ့ပြေးများဖြစ်သည်။ ယခုကဲ့သို့ ပြောင်းလဲမှု မြန်ဆန်လှသည့်ခေတ်ကြီးသည် ဇွဲလုံ့လဖြင့် ကိစ္စရပ်များအား တစိုက်မတ်မတ် ဖော်ဆောင်နိုင်ခြင်း၏တန်ဖိုးကို ပို၍ ထင်ရှားစေသည်။ ကိုဗစ်ကပ်ရောဂါကြီးစသည့် အခက်အခဲများသည် ဆက်လက်တည်ရှိနေသော်လည်း အားလုံး၏ စိတ်ညီလက်ညီကြိုးပမ်းမှုကြောင့် ဆရာတော် ဘဒ္ဒန္တကုသလ၏ မျှော်မှန်းချက်များသည် နည်းလမ်းမျိုးစုံဖြင့် ကမ္ဘာတစ်ဝန်း၌ ပြန့်ပွားနေပါလေတော့သည်။
